ယုဇနပလာဇာအနီး ရဲနှင့် စစ်တပ်က အကြမ်းဖက် ပစ်ခတ်၊ ၆ ဦးဒဏ်ရာရ ၈ ဦးခန့် ဖမ်းဆီးခံရ
DVB
·
March 2, 2021
ရန်ကုန် တာမွေမြို့နယ် ယုဇနပလာဇာနားက ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ပြီးနောက် အနည်းဆုံး ၈ ယောက် ဖမ်းခံရပြီး ၆ ယောက် ဒဏ်ရာရတယ်လို့ ပါဝင်သူတွေက ပြောပါတယ်။
ယောကျ်ားလေး ၅ ယောက်နဲ့ မိန်းကလေး ၃ ယောက်ဖမ်းခံလိုက်ရတာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ၆ ယောက်ကတော့ ရာဘာကျည်ထိမှန် ဒဏ်ရာရခဲ့တာပါ။
ဒီမနက်ကစပြီး ယုဇနပလာဇာနားမှာ ဆန္ဒပြနေသူတွေကို ရဲနဲ့ စစ်တပ်က ပစ်ခတ် ဖြိုခွင်းနေခဲ့ပြီး မင်္ဂလာဈေးဘက်မှာလည်း ဆန္ဒပြကြတာကြောင့် လမ်းတွေထဲအထိ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ လူစုခွဲခဲ့ ကြတာပါ။