အောင်မြေသာစံမြို့နယ် အမှတ်(၅) မြိုမစခန်းမှူး CDM တွင် ပူးပေါင်းပါဝင်
DVB
·
March 1, 2021
အောင်မြေသာစံမြို့နယ် အမှတ် (၅) မြိုမ စခန်းမှူး ဒုရဲမူးထွန်းထွန်းဝင်းဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပြည်သူများနဲ့အတူ ပူးပေါင်းပါဝင်ကြောင်း ဌာနာဆိုင်ရာအကြီးအကဲတွေဆီ နုတ်ထွက်စာတင်ခဲ့တယ်လို့ သိရပါတယ်။
အောင်မြေသာစံမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင့်ရေး ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်တပ်က အကြမ်းဖက်ဖြိုခွင်းနေပေမယ့် ပြည်သူတွေက ဆက်လက် ဆန္ဒပြနေကြတာပါ။