ရန်ကုန်မြို့ အင်းစိန်လေဟာပြင်ဈေးရှေ့မှာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ အင်းစိန်မီးရထားစက်ခေါင်းစက်ရုံ ဝန်ထမ်း ၁၀၀၀ ကျော်ပါဝင်တဲ့ ထိုင်သပိတ်ကို မတ်လ ၁ ရက် မနက်မှာ ပြုလုပ်နေပါတယ်။
မီးရထားဝန်ထမ်းတွေကို စစ်ကောင်စီက ခြိမ်းခြောက်တာတွေပြုလုပ်နေပေမယ့် ဝန်ထမ်းတွေက အာဏာဖီဆန် CDM လှုပ်ရှားမှုကို ကို ဆက်လက်ပြုလုပ်နေတဲ့အတွက် နိုင်ငံတဝန်း ရထားပို့ ဆောင်ရေးလုပ်ငန်းတွေ အားလုံးရပ်ဆိုင်းနေပါတယ်။
ဖမ်းဆီးခံခေါင်းဆောင်တွေနဲ့ အပြစ်မဲ့ပြည်သူတွေပြန်လွှတ်ပေးရေး၊ အရပ်သားအစိုးရကိုအာဏာပြန်လွှဲပေးရေး၊ စစ်အာဏာရှင်စနစ် အလိုမရှိ စတာတွေကို မီးရထားဝန်ထမ်းတွေက ထိုင်သပိတ်ပြုလုပ် ကြွေးကြော်နေကြပါတယ်။