Home
မြန်မာသတင်း
ဘန်ကောက်ရှိ UN ရုံးရှေ့ ၌ ထိုင်းရောက်မြန်မာများဆန္ဒပြ
DVB
·
February 28, 2021
UN Bangkok 1
UN Bangkok 2
UN Bangkok 3
UN Bangkok 4
UN Bangkok 5
UN Bangkok 6
UN Bangkok 7
UN Bangkok 8
UN Bangkok 9
UN Bangkok 10
UN Bangkok 1၁
UN Bangkok 12
UN Bangkok 13
UN Bangkok 14
UN Bangkok 15
UN Bangkok 16

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုက  ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတာကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့ကို ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ သွားရောက်ဆန္ဒပြ တောင်းဆိုကြပါတယ်။ 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ထိုင်းအာဏာပိုင်တွေက လူစုဝေးခွင့်မပေးဘဲ တားမြစ်ပိတ်ပင်ထားတဲ့ကြားက ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေက ကုလသမဂ္ဂရုံးရှေ့ကို သွားရောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဒီကနေ့ ညနေပိုင်းမှာလည်း ထိုင်းနဲ့ မြန်မာ တက်ကြွလှုပ်ရှားသူတွေနဲ့ နှစ်နိုင်ငံပြည်သူတွေက ဘန်ကောက်မြို့ရှိ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ရဲ့ နေအိမ်ကို သွားရောက် ဆန္ဒပြနေကြပါတယ်။

  ထိုင်းဝန်ကြီးချုပ် ပရာရွတ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က  မြန်မာအာဏာသိမ်း စစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ထားတဲ့ ဦးဝဏ္ဏမောင်လွင်ကို အလွတ်သဘော တွေ့ဆုံခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024