Homeသတင်းဓာတ်ပုံ
မြေနီကုန်းနှင့် လှည်းတန်းတွင် ရဲများက ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးစဉ် (ဓာတ်ပုံ)
မြေနီကုန်းနှင့် လှည်းတန်းတွင် ရဲများက ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးစဉ် (ဓာတ်ပုံ)
DVB
·
February 26, 2021
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံမှာ ဖေဖော်ဝါရီ ၂၆ မနက်က ဆန္ဒပြပြည်သူတွေကို ရဲက အင်အားအလုံးအရင်းနဲ့ လိုက်လံ ဖမ်းဆီးနေပြီး ဂျပန် သတင်းထောက်အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေတဲ့ ကျောင်းသားလူငယ်တွေ ဖမ်းဆီးခံခဲ့ရပါတယ်။
အလားတူ ကမာရွတ်မြို့နယ် လှည်းတန်းမှာလည်း စစ်အာဏာရှင်အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ လူငယ်တွေကို လက်နက်ကိုင် ရဲတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းဖမ်းဆီး ခဲ့ပါတယ်။
Photo - Ye Myo Khant / MPA