စစ်အာဏာရှင်ကျဆုံးရေး ကျိန်စာတိုက်ပွဲကို ကနီမြို့ ကနီရွှေမြင်းဖြူတောင်ထိပ်မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ က ပြုလုပ်ခဲ့ကြပါတယ်။
ကျိန်စာတိုက်ပွဲကို ရွှေမြင်းဖြူနတ်ကွန်းမှာ ပြုလုပ်ခဲ့ကြသလို သမိုင်းဝင်ရွှေမြင်းဖြူဘုရားမှာလည်း သစ္စာဆိုဆုတောင်းခဲ့ကြတယ်လို့ သိရပါတယ်။
"စစ်အာဏာရှင်ကြောင့် ပြည်သူတွေ နှလုံးစိတ်ဝမ်းမချမ်းသာမှုဖြစ်ပေါ်နေပါတယ်။ ဤသစ္စာစကားမှန်ကန်ပါက ဖမ်းဆီးထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေ အမြန်ဆုံးပြန်လွတ်ပါစေသားလို့ ဘုရားမှာသစ္စာဆိုတယ်။ နောက်ပြီး ရွှေမြင်းဖြူရှင်ဘိုးဘိုးကြီးဆီမှာလည်း စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ကျိန်စာတိုက်တယ် " လို့ ကျိန်စာတိုက်ပွဲမှာပါဝင်သူတစ်ဦးက ပြောပါတယ်။
ကျိန်စာတိုက်ပွဲကို ကနီမြို့ပြည်သူ ၂၀၀ လောက်နဲ့ ပြုလုပ်ခဲ့ကြပြီး နောက်ရက်တွေမှာလည်း သပိတ်မှောက်ဆန္ဒပြတာတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ရန်နိုင်စိုး