ကွမ်းခြံကုန်းမြို့က လူငယ်တစ်စုရဲ့ စစ်အာဏာရှင်စနစ် သရုပ်ဖော်ဆန္ဒပြမှုနဲ့အတူ ဝန်ထမ်းပြည်သူပူပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဖေဖော်ဝါရီ ၂၆ ရက်မှာ ဆက်လက်ဆန္ဒပြ ခဲ့ကြပါတယ်။
သတင်းမီဒီယာရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ မြန်မာနိုင်ငံရဲ့ တရားရေး၊ ကျန်မာရေး၊ ပညာရေးအပါအဝင် ကဏ္ဍအသီးသီးအပေါ် စစ်အာဏာရှင်ရဲ့ ကြိုးကိုင်ဖိနှိပ်မှုကို အလိုမရှိကြောင်း လူငယ် ၂၀ ကျော် စုပေါင်းပြီး ပုံစံမျိုးစုံဝတ်စားကာ "ကြိုးဆွဲတာကိုရပ် စစ်အာဏာရှင်အလိုမရှိ" စာသားနဲ့အတူ သရုပ်ဖော်ဆန္ဒပြခဲ့ကြပါတယ်။
စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုကို လူငယ်တွေအနေနဲ့ လုံးဝအလိုမရှိတဲ့အပြင် အာဏာရှင်ရဲ့ ကြိုးကိုင်မှုကို ပိုပြီးမြင်သာစေချင်လို့ သရုပ်ဖော်ဆန္ဒပြတာလို့ လူငယ်တစ်ဦးက ဆိုပါတယ်။
CDM ဝန်ထမ်းတွေနဲ့ ကွမ်းခြံကုန်းပြည်သူတွေ စစ်အာဏာရှင်ဆန့်ကျင်ရေး လူဦးရေ ထောင်သောင်းချီပြီး နေ့စဉ်ဆန္ဒပြတာ ၁၉ ရက်ရှိသွားပြီဖြစ်ပါတယ်။
ဒါ့အပြင် ရုံးဖွင့်ရက်တိုင်း မြို့နယ်ထွေအုပ်ရုံးရှေ့မှာလည်း လူငယ်တစ်စုက နေ့စဉ် ထိုင်သပိတ် ဆန္ဒပြနေကြပါတယ်။
လွင်မိုးအောင်