Home
မြန်မာသတင်း
စစ်အာဏာရှင်ကျဆုံးရေး မကွေးမြို့တွင် လူဦးရေ သောင်းချီဆန္ဒပြ
DVB
·
February 25, 2021
154442899_2533873083580804_1973083291927501606_o
153873992_2533872486914197_7027960358782552638_o
153688072_2533872883580824_8823224529207878136_o
153659359_2533872796914166_8440981299004753883_o
153467954_2533873186914127_776485272533298524_o
153460621_2533873363580776_5505751489842919880_o
153450322_2533872986914147_9174384446955503818_o
152945296_2533872530247526_2771408076635886431_o

စစ်အာဏာရှင် ကျဆုံးရေးအတွက် မကွေးမြို့မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မနက်ပိုင်းက လူဦးရေသောင်းချီ သပိတ်​မှောက် ဆန္ဒပြခဲ့ကြပါတယ်။

ပညာရေးဝန်ထမ်းများ သပိတ်စစ်ကြောင်း၊ စိုက်ပျိုးတောင်သူတွေနဲ့ ကျေးရွာပေါင်းစုံ စုပေါင်းသပိတ်စစ်ကြောင်း၊ မကွေး အင်ဂျင်နီယာများ သပိတ်စစ်ကြောင်း၊ ဗမာ့နွေဦးတော်လှန်ရေး စစ်ကြောင်းတွေက ဦးဆောင်ပြီးတော့ CDM လုပ်နေတဲ့ ဝန်ထမ်းတွေ၊ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေပူးပေါင်းပြီးတော့ စစ်အာဏာရှင်ကျဆုံးရေးအတွက် ချီတက် သပိတ်မှောက်ခဲ့ကြတာပါ။

ဂီတပညာရှင်တွေ၊ အနုပညာရှင်တွေကတော့ ရွေ့လျားစနစ်နဲ့ သီဆိုဆန္ဒပြနေကြပြီး မကွေးတက္ကသိုလ်ရှေ့မှာတော့ ကျောင်းသားလူငယ်တွေနဲ့မြို့ခံပြည်သူတွေ အထိုင်သပိတ် ဆင်နွှဲနေကြပါတယ်။

မကွေးမြို့က လမ်းတစ်ချို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့တားဆီးတာတွေရှိနေပြီး ဌာနဆိုင်ရာရုံးတစ်ချို့နဲ့ မြန်မာ့စီးပွားရေးဘဏ်အပြင် ပုဂ္ဂလိက ဘဏ်ရှေ့တွေမှာ လုံခြုံရေး ယူထားတာ တွေ့ရပါတယ်။

စစ်အာအာရှင်ကျဆုံးရေး ဆန္ဒပြရာမှာ ဦးဆောင်တဲ့သူတွေကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးတာတွေ ရှိနေတာကြောင့် ဦးဆောင်တဲ့သူတချို့ တိမ်းရှောင်နေရတယ်လို့ မကွေးမြို့ခံတွေဆီကနေ သိရပါတယ်။

သတင်း-မင်းထီး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024