မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းက ကာတွန်းဆရာ/ဆရာမ အယောက် ၅၀ ကျော်ဟာ စစ်အာဏာရှင်အစစ်မလိုကြောင်း ပြည်သူလူထုနဲ့အတူ ရပ်တည်ပြသတဲ့အနေနဲ့ ရန်ကုန်မြို့လယ်ကောင် ဆူးလေတဝိုက်မှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းက ကာတွန်း ဇာတ်ကောင်တွေနဲ့အတူ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
နာမည်ကျော် ကာတွန်းဇာတ်ကောင်တွေ ဖြစ်တဲ့ မြိုင်ရာဇာတွတ်ပီ၊ မသေးမျှင်၊ လေးမွန် ထွေးမွန်၊ လူပျိုကြီးစောတင်မောင်၊ ဘိုဘို စတဲ့ ကာတွန်းဇာတ်ကောင်တွေနဲ့ စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း သရုပ်ဖော်ပြသခဲ့တာပါ။
ဒီလို ဆန္ဒဖော်ထုတ်မှုကို လမ်းတလျှောက်မှာရှိတဲ့ ပြည်သူတွေနဲ့ ကလေးတွေက လက်ခုပ်တီး အားပေးခဲ့ပါတယ်။