အဖျောက်မြို့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူ ၁၀၀၀ ခန့် ဆန္ဒပြ
DVB
·
February 21, 2021
ရန်ကုန်တိုင်း အဖျောက်မြို့မှာ ဖေဖော်ဝါရီ ၂၁ ရက် ပညာရေးဌာနက ကျောင်းဆရာ၊ ဆရာမတွေနဲ့ ပြည်သူအင်အား ၁၀၀၀ လောက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၈ ရက်ကစတင်ပြီး ရန်ကုန်တိုင်းအတွင်းက တိုက်ကြီး၊ အဖျောက်နဲ့ ဥက္ကံမြို့ တို့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင့်ရေး ဆန္ဒပြပွဲတွေကို ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ ဆည်မြောင်း၊ မြေစာရင်းနဲ့ ထွေအုပ်ဝန်ထမ်းအချို့အပါအဝင် ပြည်သူတွေ ပူးပေါင်း လုပ်ဆောင်ခဲ့ကြပါတယ်။
မေသွယ်