ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကျောင်းသားများသမဂ္ဂနဲ့ ကျောင်းသားလူငယ်တွေကို ပူးပေါင်းထိုင်သပိတ်ကို ရဲတပ်ဖွဲ့က ဖြိုခွဲဖို့ ကြိုးစားခဲ့တာကြောင် လူစုခွဲ ရှောင်တိမ်းခဲ့ကြတယ်လို့ သိရပါတယ်။
ထိုင်သပိတ်ကို ဘိုကလေးမြို့ အ.ထ.က ၁ ရှေ့မှာ ဒီနေ့မနက် ၉ နာရီ စတင်ခဲ့ပြီး သရော်စာတွေ၊ သံချပ်တွေ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲတာကို ပြည်သူနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
အထွေထွေသပိတ်စစ်ကြောင်းကလည်း ဆက်လက်ချီတက်ခဲ့ပြီး အထိုင်သပိတ်နဲ့အတူ သပိတ်နှစ်ခု ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲပါ ပြုလုပ်ခဲ့တာပါ။
ဒါ့အပြင် မမြသွဲ့သွဲ့ခိုင် ကျဆုံးခြင်း အထိမ်းအမှတ်ပြုလုပ်ခဲ့ကြကာ ဒီအတွက် လက်တုံ့ပြန် လက်စားချေသွားမယ်လို့ လူထုတရပ်လုံး ကတိသစ္စာပြုခဲ့ကြပါတယ်။
ဒါပေမဲ့ မွန်းတည့် ၁၂ နာရီ သပိတ်ဟောပြောပွဲ ပြုလုပ်နေစဥ်မှာပဲ ရဲအင်အား ၁၀ လောက် ရောက်ရှိလာပြီး ထိုင်သပိတ်ကို ဖြိုခွဲဖို့ ပြုလုပ်လာတာကြောင့် ရှောင်တိမ်း လူစုခွဲခဲ့ကြတယ်လို့ သိရပါတယ်။
Photo- Ko Herry