Home
မြန်မာသတင်း
ပြင်ဦးလွင်ဆန္ဒပြပွဲတွင် ဘင်ခရာအဖွဲ့ပါလာ၊ We Want Democracy စာတန်း ရေးဆွဲ
DVB
·
February 19, 2021
152331571_2023938417761801_189157432908889765_n
151641238_2023938407761802_1795489967861656498_n
151608461_2023938424428467_1362688772920818786_n
151577926_2023938481095128_7604825732804542591_n
151577926_2023938481095128_7604825732804542591_n

အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြင်ဦးလွင်မြို့ ဆန္ဒပြလှုပ်ရှားမှုမှာ လူငယ်ဘင်ခရာအဖွဲ့ ပါဝင်လာတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်လှုပ်ရှားမှုမှာ မြို့သူမြို့သားတွေနဲ့ CDM ဝန်ထမ်းတွေအပြင် လူငယ်ဘင်ခရာအဖွဲ့လည်း ပါဝင်လာတာပါ။

ဒီကနေ့ သပိတ်စစ်ကျောင်းမှာတော့ လူအင်အားတစ်သိန်းနီးပါးရှိပြီး CDM လှုပ်ရှားမှုမှာ ပါဝင်လာဖို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ လူအင်အား ၅၀ လောက်က ထိုင်သပိတ် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ပြင်ဦးလွင်မြို့ရဲ့ သစ်တောလမ်းမပေါ်မှာလည်း We Want Democracy စာတန်း ရေးဆွဲခဲ့ကြပါတယ်။

နွယ်နီတင်မောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024