Home
မြန်မာသတင်း
CDM တွင် ပါဝင်သည့် အင်္ဂပူ ရပ်ကျေးစာရေးများကို စစ်ဆေးအရေးယူမည်ဟု စာထုတ်
DVB
·
February 19, 2021
152645598_1928052197333003_7577639669629149496_n

ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်က CDM လှုပ်ရှားမူမှာ ပါဝင်ခဲ့တဲ့ ရပ်ကျေးစာရေးတွေကို အလုပ်မဆင်းတဲ့အတွက် စစ်ဆေးအရေးယူမယ်ဆိုပြီး တာဝန်ရှိသူတွေက စာထုတ်ထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြး၊ အင်္ဂပူမြို့နယ်တွင်းရှိ ဌာနဆိုင်ရာတွေက CDM လှုပ်ရှားမူကို ဖေဖော်ဝါရီ ၉ ရက်နေ့က စတင်ခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ သစ်တောဝန်ထမ်းနဲ့ ထွေအုပ်ဝန်ထမ်းအချို့ ပါဝင်လှုပ်ရှားလာခဲ့ကြတာပါ။

CDM မှာ ပါဝင်တဲ့ ရပ်ကျေးစာရေးတစ်ဦးကတော့ "ကျနော်တို့ ပထမရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ အငယ်တန်းစာရေးတွေပါဝင်ကြတယ်။ ၁၀ ယောက်ကျော်က CDM မှာ ပူးပေါင်းပါဝင်ခဲ့ကြတယ်။ အချို့ကတော့ မြို့နယ်က ဖိအားပေးလို အလုပ်ပြန်ဆင်းကြတယ်။ ခုကျနော်တို့ စာရေး ၅ ယောက်ကို ဝန်ထမ်းဥပဒေ ဘာညာဆိုပြီး စာထုတ်တယ်။ စာရဲ့သဘောကတော့ အဖွဲ့ ဖွဲ့ပြီးစစ်မယ်။ အကြောင်းပြချက်ဖြေရှင်းပေါ့။ မရှင်းနိုင် အလုပ်ဖြုတ်မယ်ပေါ့ အဲသဘောထုတ်တယ်။ ဒါမတရားဘူလို့ထင်တယ်။ ကျနော်တို့ကတော့ အလျှော့မပေးဘူး။ သူတို့ကို သမိုင်းတွင်အောင် တနေ့ချပြမယ်” လို့ပြောပါတယ်။

အင်္ဂပူမြို့နယ်အတွင်း CDM မှာ ပါဝင်တဲ့ ဆရာဝန်တစ်ဦးကိုလည်း ဖမ်းဆီးထားသလို ကျေးလက်ဒေသဖွံ့ဖြိုးရေးက ဝန်ထမ်းတွေကိုလည်း မြို့နယ်အဆင့်တာဝန်ရှိသူတွေက ဖိအားပေးနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013