စစ်အစိုးရ အလိုမရှိကြောင်း ဆန္ဒပြပွဲကို တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဒီနေ့ ဆက်လက်လုပ်ဆောင်နေပြီး ဌာနဆိုင်ရာတွေထဲမှာ ဆရာ/ဆရာမတွေက အင်အား ထောင်ချီနဲ့ အများဆုံး ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
ထားဝယ်ခရိုင်ပညာရေး သပိတ်ကြောင်း၊ အင်ဂျင်နီယာ သပိတ်ကြောင်း၊ အခြေခံပညာကျောင်းသား/သူတွေရဲ့ performance၊ ထားဝယ်တက္ကသိုလ်၊ သွေးလှူရှင်တွေ၊ ကရင်တိုင်းရင်းသားတွေ၊ တောင်သူလယ်သမားတွေ၊ ထွေအုပ်ရုံး ဝန်ထမ်းတွေ စုစုပေါင်း အင်အား သိန်းချီ ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆန္ဒပြသူတွေဟာ မြို့တစ်ပတ်လမ်းလျှောက်ဆန္ဒပြပြီး ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ထိုင်သပိတ်ပြုလုပ်ခဲ့ကြသလို ကျဆုံးသွားတဲ့သူ သိရပါတယ်။
မနေ့ညကလည်း ဆန္ဒပြခေါင်းဆောင်တဦး နေထိုင်တယ်ဆိုပြီး ကမ်းနားလမ်းက နေအိမ်တလုံးကို ရဲနဲ့စစ်တပ်က ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ပြည်သူတွေက ဝန်းရံခဲ့ကြတာကြောင့် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ- မီးငယ်လေး