ပုဂံရှေးဟောင်းဘုရားများ၌ အာဏာသိမ်းစစ်အစိုးရကို ကျိန်စာတိုက်
DVB
·
February 18, 2021
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသမှာ စစ်အာဏာရှင်အစိုးရကိုဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြတဲ့သပိတ်အဖွဲ့တွေက ဒီကနေ့မနက် ပုဂံရှေးဟောင်းဘုရားတွေမှာ သစ္စာဆို ကျိန်စာတိုက်ခဲ့ ကြပါတယ်။
သပိတ်မှောက်ဘုရားကစတင်ပြီး အလိုတော်ပြည့်၊ ထီးလိုမင်းလို၊ မောင်တော်နှမတော် စတဲ့ဘုရားတွေမှာ ကျိန်စာတိုက် ဆုတောင်းတာတွေ ပြုလုပ်ခဲ့ကြတာပါ။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲမှာ ပုဂံ၊ မြင်းကပါ ၊ တောင်ဘီ စတဲ့ ဒေသခံတွေ အင်အား သိန်းနဲ့ချီပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။