Home
မြန်မာသတင်း
စစ်အာဏာရှင်ချုပ်ငြိမ်းရေး ပြည်သူလူထု၏ ကြိုးပမ်းမှုကို ကေအိုင်အို ကြိုဆိုထောက်ခံ
DVB
·
February 17, 2021
150240457_1249233722144523_7454075082139276666_n
150240457_1249233722144523_7454075082139276666_n

စစ်အာဏာရှင်စနစ် အပြီးတိုင်းချုပ်ငြိမ်းရေးအတွက် ပြည်သူတွေရဲ့ ကြိုးပမ်းဆောင်ရွက်ချက်အားလုံးကို ကြိုဆိုတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) က ထုတ်ပြန်ပါတယ်။

ပြည်သူတွေထုတ်ဖော်တဲ့ ဆန္ဒသဘောထားတွေကို အလေးထားပေးဖို့နဲ့ တနိုင်ငံလုံးက ဆန္ဒထုတ်ဖော်နေသူတွေကို အကြမ်းဖက်နှိမ်နင်း၊ ပစ်ခတ်ဖြိုခွင်းတာမလုပ်ဖို့၊ မှန်ကန်တဲ့တ ရားနည်းလမ်းနဲ့ မြန်မြန်ဖြေရှင်းဖို့လိုတယ်လို့လည်း သဘောထားထုတ်ပြန်ပါတယ်။

ပြီးတော့ လက်ရှိဖြစ်နေတဲ့အခြေအနေတွေ ပိုပြီး ရှုပ်ထွေးသွားစေမဲ့ ကြံစည်လုပ်ဆောင်တာတွေ မလုပ်ဖို့၊ ဖမ်းဆီးထိန်းသိမ်းတာတွေ ထပ်မလုပ်ဖို့လိုတယ်လို့လည်း ကေအိုင်အိုက ကြေညာထားတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024