မကွေးတိုင်း ချောက်ရေနံမြေက CDM ပူပေါင်းဆောင်ရွက်ကြတဲ့ ဝန်ထမ်းတွေကို ဒေသခံတွေက ပထအကြိမ်အဖြစ် ဖေဖော်ဝါရီ ၁၇ မနက်ပိုင်းမှာ ဆုငွေ ချီးမြှင့်ခဲ့ကြပါတယ်။
ဆုငွေအဖြစ် ကျပ် ၃ သိန်းအား CDM ကော်မတီကို ပေးအပ်လိုက်တာဖြစ်ပြီး နောက်ရက်တွေမှာလည်း ပြည်သူကပေးအပ်တဲ့ ဆုငွေတွေကို ဆက်လက် ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
ချောက်ရေနံမြေဟာ ဝန်ထမ်းအင်အားအများဆုံးနေထိုင်တဲ့ မြို့ဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ကြောင်း CDM လှုပ်ရှားမှုမှာ ပါဝင်နေကြသလို လမ်းပေါ်ထွက် အင်အားပြဆန္ဒထုပ်ဖော်မှုကလည်း ဒီကနေ့ဆို ၁၁ ရက်မြောက်နေ့ ဖြစ်ပါတယ်။
ချောက်မြို့နယ်လုံးဆိုင်ရာ စစ်အာဏာရှင်တော်လှန်ရေး အထွေထွေသပိတ်မှာ အင်အား တစ်သိန်းကျော်ပါဝင်ပါတယ်။
ကျန်နေသေးတဲ့ ဝန်ထမ်းတွေ CDM ပူးပေါင်းပါဝင်ပေးဖို့ ကျောင်းသားလူငယ်အဖွဲ့က မြန်မာ့စီးပွားရေးဘဏ်ရှေ့နဲ့ ချောက်မြို့မဈေးအဖွဲ့က စည်ပင်ရုံးရှေ့မှာ ပင်မသပိတ်စစ်ကြောင်းက ခွဲထွက်ပြီး ထိုင်သပိတ်ဆင်နွှဲပြီး တောင်းဆိုနေကြပါတယ်။