Home
မြန်မာသတင်း
ဘားအံတွင် CDM အောင်မြင်ရေး ဌာနဆိုင်ရာရုံးများရှေ့ ဆန္ဒထုတ်ဖော်
DVB
·
February 16, 2021
151321588_808465003347108_2236004523297768774_o
150893071_808465886680353_8517685480491969867_o
150424025_808466310013644_1658174853181222302_o
150148565_808466500013625_1495959021331596484_o
150030453_808466430013632_549758656795944391_o
149630921_808466673346941_6794584844472193160_o
149146981_808465800013695_737282164521597669_o
149042813_808464790013796_8672067685780553165_o
148847274_808466570013618_3837690930821103448_o

ကရင်ပြည်နယ်၊  ဘားအံမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဖြုတ်ချနိုင်ရေး CDM မှာ ပူးပေါင်းပါဝင်ဖို့အတွက် အင်အားသိန်းချီတဲ့ သပိတ်စစ်ကြောင်းဟာ ဌာနဆိုင်ရာ ရုံးရှေ့တွေမှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ နာရီစင်စုရပ်ကနေ ဗိုလ်ချုပ်လမ်းအတိုင်း ချီတက်​ပြီး မြန်မာ့စီးပွားရေး ဘဏ်၊ ဘားအံစာတိုက်၊ မြို့နယ် ပေါင်းရုံး၊ မြို့နယ်စည်ပင်သာယာရုံးရှေ့တွေမှာ ကြွေးကြော်သံ တွေနဲ့ ငြိမ်းချမ်းစွာ  ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဘားအံမြို့ပေါ်မှာ လုံခြုံရေးယာဉ်တွေနဲ့အတူ ရဲတပ်ဖွဲ့၊ တပ်မတော်သားအင်အား ၁၀၀ နီးပါးလိုက်ပါလာတဲ့ ယာဉ်တန်းနဲ့   ဆန္ဒထုတ်ဖော်ရာလမ်းတလျှောက် လိုက်လံသတိပေးနှိုးဆော်ခဲ့ တာတွေရှိပေမယ့် ဆန္ဒထုတ်ဖော်မှုကိုတော့ ရပ်နားခြင်းမရှိဘဲ ​ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။

“စစ်အာဏာရှင်စစ်ကို မကြိုက်လို့ လာရောက်ဆန္ဒထုတ်ဖော်တာပါ။ ဖမ်းဆီးခံရတဲ့သူတွေ အတွက် ကျနော်တို့ ဝန်းရံပေးမယ်။ အာဏာရှင် သက်ဆိုးရှည်နေမယ်ဆိုရင် အများကြီး ထိခိုက်နစ်နာမယ်။ အမျိုးမျိုး အခက်အခဲ​တွေနဲ့ ကြုံတွေ့ရမယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေပါ ကြုံရမယ်။ အဲဒါကြောင့် စစ်အာဏာရှင်ကို မကြိုက်လို့ ဆန္ဒထုတ်ဖော်ပွဲတာ”လို့   ကိုယ်တိုင်ပါဝင်ခဲ့သူ တစ်ဦးက ပြောပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာ ဌာနဆိုင်ရာတွေ၊ သူနာပြုသင်တန်းကျောင်း၊ လူငယ်အင်ဂျင်နီယာတွေနဲ့ အင်ဂျင်နီယာ​ကျောင်းသား ကျောင်းသူတွေ၊ မြို့နယ်အတွင်းက အလုပ်သမား၊ လယ်သမား၊ LGBT စတဲ့အလွှာပေါင်းစုံပါဝင်တဲ့ သပိတ်စစ်ကြောင်းမှာ စစ်အာဏာရှင်စနစ်ကို မလိုလားတဲ့ ပြည်သူတွေ  ပူးပေါင်းပါဝင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင် အလိုမရှိ၊ အမေစုနဲ့ သမ္မတကြီး ချက်ချင်းလွှတ်၊  အထိန်းသိမ်းခံ ခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး၊ ရုံးမတက်နဲ့ ရုန်းထွက်၊ ဖမ်းဆီးခံခေါင်းဆောင်တွေ ချက်ချင်းလွှတ်စတဲ့ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024