Home
မြန်မာသတင်း
အာဏာပိုင်များဖိအားပေးမှုကြောင့် မော်လမြိုင်မှထွက်ခွာလာသည့် မီးရထားကို လူထုက တားဆီး
DVB
·
February 16, 2021
150878184_3639135922801366_4760918473181641280_n
150535240_3639135616134730_5534139929635052984_n
150402952_3639135996134692_1611845926984807221_n
150102926_3639135699468055_1889876577332539172_n
150071633_3639136069468018_406923087117753122_n
150017542_3639135746134717_2861498777971121421_n
149060333_3639135806134711_4796537921497967174_n

အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် မော်လမြိုင်မှ ရန်ကုန်ကိုထွက်ခွာလာတဲ့  အမှတ် (၉၀) အစုန် ခရီးသည်တင် မီးရထားကို ဖေဖော်ဝါရီ ၁၆ ရက် မနက်ပိုင်းမှာ မီးရထားဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေက ပိတ်ဆို့ တားဆီးခဲ့ပါတယ်။

မီးရထားဝန်ထမ်းတွေက  အလုပ်မဆင်းဘဲ  CDM လှုပ်ရှားမှုမှာပါဝင်နေချိန်  အာဏာပိုင်တွေရဲ့ အတင်းအကျပ် ဖိအားပေးမှုကြောင့်  မော်လမြိုင်ဘူတာကနေ ထွက်ခွာလာတဲ့ မီးရထားကို  လူထုကပိတ်ဆို့တားဆီးခဲ့တာလို့ မီးရထားဝန်ထမ်းတစ်ဦးက ပြောပါတယ်။

 ရထားမထွက်နိုင်အောင် လူထုက ပိတ်ဆို့တားဆီချိန်မှာ ဆန္ဒပြ ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရတယ်လို့  မော်လမြိုင်ဒေသခံ ဆန္ဒပြသူတဦးက ပြောပါတယ်။

အမှတ် (၉၀) အစုန် ခရီးသည်တင် မီးရထားမှာ ခရီးသည် တစ်ဦးတစ်ယောက်မှ ပါဝင်လာခြင်းမရှိဘဲ ရန်ကုန်ကို သွားဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြ ပြည်သူတွေရဲ့ တောင်းဆိုမှုအရ နောက်ဆုံးမှာတော့ အမှတ် (၉၀) အစုန် ခရီးသည်တင် မီးရထားဟာ မော်လမြိုင် ဘူတာကို ပြန်လည် မောင်းနှင်သွားတယ်လို့ ဆန္ဒပြတဲ့ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။

ဒီကနေ့မနက် ရန်ကုန် အင်းစိန်ဘူတာမှာလည်း အလားတူ ဖြစ်ရပ်မျိုးဖြစ်ပွားခဲ့ပါတယ်။ အင်းစိန်ရထားစက်ခေါင်းစက်ရုံမှာ ရထားစက်ခေါင်းတွေ ထွက်ဖို့ အာဏာပိုင်တွေက လာရောက် ဖိအားပေးတာတွေ ရှိခဲ့တယ်လို့ မီးရထားဝန်ထမ်းတွေက ပြောပါတယ်။ မီးရထားစက်ခေါင်းတွေ မထွက်နိုင်ဖို့အတွက်ကိုလည်း ပြည်သူတွေက ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံတဝန်းမှာ မီးရထား ဝန်ထမ်းတွေဟာ CDMခေါ်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်ပြီး အလုပ်မဆင်းဘဲ  စစ်အာဏာရှင်အစိုးရကို ဆန္ဒပြနေတာကြောင့် အလုပ်ပြန်လုပ်ဖို့ ဖိအားပေးခံနေရတာပါ။ 

ဇော်လွင်ထွဋ် 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024