မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ဦးပုည ဇာတိမြေ စလေမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း အင်အား သောင်းချီပြီး ၉ ကြိမ်မြောက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြပွဲကို အမှတ် ၁ ဓာတ်မြေဩဇာ စက်ရုံ (စလေ)၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်၊ ရေအရင်းအမြစ်၊ စိုက်ပျိုးရေး စတဲ့ ဌာနဆိုင်ရာတွေ အပါအဝင် ဒေသခံတွေ ပူးပေါင်း ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
အမှတ် ၁ ဓာတ်မြေဩဇာစက်ရုံ စလေက ဝန်ထမ်း လေးရာကျော်ရှိတဲ့အနက် CDM မှာ သုံးရာကျော် ပူပေါင်းပါဝင်ခဲ့ကြပြီး ကျန်ဝန်ထမ်းတွေကလည်း ဝန်ထမ်းအိမ်ရာနဲ့ ရေပေးဝေရေးအတွက်သာ ကျန်ရှိတာဖြစ်ပါတယ်။ အခြား ဌာနဆိုင်ရာတွေကလည်း ဝန်ထမ်း ၁၀၀ ကျော် CDM မှာ ပူးပေါင်းခဲ့ကြတယ်လို့ သိရပါတယ်။