မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားသမဂ္ဂနဲ့ အရပ်ဘက်အဖွဲ့စည်းတွေ၊ ကျောင်းသားကျောင်းသူတွေ စုပေါင်းကာ နေပြည်တော် ဆန္ဒပြပွဲမှာ သေနတ်မှန်ကျဆုံးခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ပါတယ်။
မမြသွဲ့သွဲ့ခိုင်ကို ဒီမိုကရေစီအရေးမှာ ကျဆုံးခဲ့တဲ့ အာဇာနည်အဖြစ်သတ်မှတ်ပြီး တစ်မိနစ် ငြိမ်သက်အလေးပြုခဲ့ကြပါတယ်။
မမြသွဲ့သွဲ့ခိုင်ဟာ နေပြည်တော်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေတဲ့အချိန်မှာ ရဲတပ်ဖွဲ့က ကျည်အစစ်နဲံ ပစ်ခဲ့တာကြောင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။
နိုင်လင်းဦး