အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အသက်ပေးသွားရတဲ့ ကျောင်းသူ မမြသွဲ့သွဲ့ခိုင်အပါအဝင် ရဲဘော်အားလုံး တိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးမှုကို ကူကီးလူငယ်တွေက လေးစားဦးညွတ်ပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
“မင်းတို့ရဲ့စွန့်လွတ်ပေးဆပ်မှုအား မေ့လျော့ပစ်မည်မဟုတ်၊ စစ်ဘီလူးတို့၏ ရာဇဝတ်မှုအား ကမ္ဘာမကြေ ခွင့်မလွှတ်” စတဲ့ ကြွေးကြော်သံတွေနဲ့ ကျင်းပခဲ့ပါတယ်။
မပြီးဆုံးသေးတဲံ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲအား တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုတရပ်လုံးနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
ခုလို ဆုတောင်းပွဲကို ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၇ နာရီက တမူးမြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်းမှာ ပြုလုပ်ခဲ့ကြတာပါ။
မင်းရဲစစ်နိုင်