ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ပြည်သူတွေ၊ ကျောင်းသားတွေနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ၇ ရက်မြောက်နေ့အဖြစ် ဆက်လက် ပြုလုပ်နေကြပါတယ်။
နေပြည်တော် ဆန္ဒပြပွဲမှာ ပစ်ခတ်ခံရတာကြောင့် အသက်ဆုံးရှုံးခံရတဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် စက္ကန့် ၂၀ ငြိမ်သက်ခဲ့ကြပြီး ညီညီညွတ်ညွတ် ဆက်လက်တိုက်ပွဲဝင်ကြဖို့ ပြောဆိုခဲ့ကြပါတယ်။
ပြည်သူတွေ၊ ကျောင်းသားတွေ၊ ဘာသာရေးအဖွဲ့တွေ၊ အားကစားသမားတွေ စုပေါင်းပြီး ဆန္ဒပြခဲ့ကြပြီး အင်အား ၂ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်တွေမှာလည်း ဖေဖော်ဝါရီ ၇ ရက်နေ့ကစတင်ကာ ဆန္ဒဖော်ထုတ်ပွဲများပြုလုပ်နေကြပြီး ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်နေကြတယ်လို့ သိရပါတယ်။