စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဌာနပေါင်းစုံပါဝင်တဲ့ လူထုတိုက်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ဒီနေ့ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုတိုက်ပွဲလှုပ်ရှားမှုက လဟယ်မြို့မှာ ၃ ရက်မြောက်ဖြစ်ပြီး မီးသတ်၊ ကျန်းမာရေး၊ ပညာရေး စတဲ့ဝန်ထမ်းတွေလည်း ပူးပေါင်းပါဝင်နေကြတာပါ။
ပြီးခဲ့တဲ့ရက်ကလည်း ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေကို ဖမ်းဆီးရာမှာ လဟယ်မြို့က မြို့နယ်ရွေးကောက်ပွဲအရာရှိအဖမ်းခံခဲ့ရပေမယ့် ဥက္ကဋ္ဌကတော့ တိမ်းရှောင်နေတာဖြစ်လို့ အဖမ်းမခံခဲ့ရပါဘူး။
နောက်နေ့တွေမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်သွားဦးမယ်လို့ သိရပါတယ်။