မွန်ပြည်နယ်၊ မော်လမြိုင်မှာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြပြည်သူတွေ အဓိကရုဏ်း ဖြစ်ပြီးနောက် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျောင်းသားတွေနဲ့ အရပ်သားတွေကို ရဲတပ်ဖွဲ့က ခံဝန်ထိုးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။
မော်လမြိုင်မြို့မှာ ဒီနေ့ဖေဖော်ဝါရီ ၁၂ ရက် မနက် ၉ နာရီလောက်က စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မယ့် တက္ကသိုလ်ကျောင်း သမဂ္ဂသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ပြီးနောက် တက္ကသိုလ်ကျောင်းသားတွေ အပါအဝင် အရပ်သား ၉ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့တာပါ။
အဲဒီနောက်မှာ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ မော်လမြိုင်မြို့ပေါ်က သပိတ်စစ်ကြောင်း အသီးသီးဟာ မော်လမြိုင်စျေးကြိုအဝိုင်းမှာ လာရောက် စုရုံးခဲ့ရာမှာ ဆန္ဒပြပြည်သူတွေနဲ့ ရဲတပ်ဖွဲ့အကြား အဓိကရုဏ်း ဖြစ်ပွားခဲ့တာပါ။
အဓိကရုဏ်း ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က ဆန္ဒပြပြည်သူတွေ တောင်းဆိုတဲ့အတိုင်း ဖမ်းဆီးထားတဲ့ ကျောင်းသားတွေနဲ့ အရပ်သား ၉ ဦးကို ခံဝန်ထိုးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
မော်လမြိုင်မှာ မြို့ခံပြည်သူလူထုတွေက စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေတာ ဒီကနေ့ဆိုရ် ၆ ရက် မြောက်ရှိသွားပြီဖြစ်ပါတယ်။
ဇော်လွင်ထွဋ်