ကချင်ပြည်နယ် မိုးညှင်းမြို့ စစ်အာဏာရှင်ကန့်ကွက် ဆန္ဒပြပွဲ ၅ ရက်မြောက်နေ့ ဒီနေ့မှာ မြန်မာမွတ်ဆလင်များအဖွဲ့၊ မြန်မာပြည်ဖွားတရုတ်လူမျိုးအဖွဲ့၊ ကချင်နဲ့ ရှမ်းတိုင်းရင်းသားအဖွဲ့တွေလည်း ပူးပေါင်းပါဝင်လာကြပါတယ်။
ဆန္ဒပြပွဲမှာ ကျောက်မျက်ရတနာလုပ်ငန်းရှင်တွေ၊ ကျောက်စိမ်းကုန်သယ်များအသင်း၊ တောင်သူလယ်သမား၊ ဘော့လုံးသမား၊ ရွှေပန်းတိမ်ဆရေတွေ၊ စိုက်ပျိုးရေးဝန်ထမ်းတွေ၊ စိုက်ပျိုးရေးကုမ္ပဏီဝန်ထမ်းတွေ၊ မြန်မာ့မီးရထား၊ လျှပ်စစ် အဆင့်မြင့်ပညာဦးစီးဌာန၊ နည်းပညာကောလိပ်၊ LGBT အဖွဲ့တွေလည်း ပြည်သူနဲ့အတူ ငြိမ်းချမ်းစွာ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။