အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဝန်ထမ်းတွေကို ကူညီဖို့အတွက် မြန်မာနိုင်ငံ တံဆိပ်ရိုက် လုပ်ငန်းရှင်များအသင်းကနေ တီရှပ်ဝယ်ယူပြီး အလှူငွေ လှူဒါန်းနိုင်မယ့် ကမ်ပိန်းကို ရန်ကုန်မြို့ ပါရမီလမ်းမှာ ပြုလုပ်နေပါတယ်။
ကမ်ပိန်းမှာတော့ တီရှပ်တစ်ထည်ကို ၁၅၀၀ ကျပ်နဲ့ ရောင်းချနေသလို တီရှပ်တွေ ယူလာသူတွေကိုလည်း အခမဲ့တံဆိပ်ရိုက်ပေးနေပါတယ်။
မြန်မာနိုင်ငံ တံဆိပ်ရိုက် လုပ်ငန်းရှင်များအသင်းအနေနဲ့ တီရှပ်ကမ်ပိန်းတွေကို ရန်ကုန် မန္တလေး၊ မုံရွာနဲ့ သီပေါ စတဲ့ မြို့တွေမှာ ပြုလုပ်နေပြီး ကမ်ပိန်းကနေ ရရှိလာတဲ့ အလှူငွေကို CDM မှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေအတွက် ရန်ပုံငွေအနေနဲ့ ထည့်ဝင်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - ဆုဆုသွယ်