ဗန်းမောက်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုမြင်ကွင်း (ဓာတ်ပုံ)
DVB
·
February 11, 2021
စစ်ကိုင်းတိုင်း၊ ကာခရိုင်၊ ဗန်းမောက်မြို့တွင် ဌာနပေါင်းစုံပါဝင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။
ဒီလူထုလှုပ်ရှားမှုမှာ ဗမာ၊ ရှမ်းနီ၊ ကတူး၊ ကနန်း စတဲ့တိုင်းရင်းသား ၃ သောင်းကျော် ပါဝင်ခဲ့ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်နေတာ ၅ ရက်ရှိပြီလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင် အမြစ်ပြုတ်ရေး လူထုလှုပ်ရှားမှု တိုက်ပွဲကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဦးဆောင်သူတွေက ပြောပါတယ်။
အောင်ကိုလတ်