Home
မြန်မာသတင်း
လပွတ္တာ၊ မော်ကျွန်းနှင့် မအူပင်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဝန်ထမ်းနှင့်ပြည်သူ သိန်းချီဆန္ဒပြ
DVB
·
February 11, 2021
148589281_1049172852233724_3347260054347306029_n
148424208_1049172822233727_2219526649694364871_n
148255624_1049172882233721_7374374919901678086_n
147988958_1049173238900352_7835856607896454328_n
147858631_1049173205567022_8576935634341049230_n
147856296_1049172932233716_6271203316350548573_n
147726970_1049173032233706_2774671418360434520_n
147419362_1049173105567032_589210314648527272_n
147319792_1049173372233672_6750504186541367853_o
147094370_1049172902233719_4124372152991618856_n
147040736_1049172978900378_8782885657878470858_n
146605664_1049173005567042_6959824078598536047_n
146459335_1049173285567014_8544822819203877780_o

ဧရာဝတီတိုင်းဒေသကြီးအတွင်းက လပွတ္တာ၊ မော်ကျွန်းနဲ့ မအူပင်မြို့နယ်တွေမှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းက လူအင်အား သိန်းချီ ဆန္ဒပြခဲ့ကြပါတယ်။

စစ်အာဏာရှင် အလိုမရှိ၊ ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရေး၊ ဒီမိုကရေစီရရှိရေး ဆန္ဒဖော်ထုတ်တာတွေပြုလုပ်ခဲ့ပြီး ဒုတိယမြောက်နေ့မှာတော့ ဘုန်း​တော်ကြီးတွေ၊ ပညာရေး ဝန်ထမ်းတွေအပြင် အလွှာပေါင်းစုံက ပြည်သူတွေပါဝင်လာခဲ့တာပါ။

စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြမှုတွေမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ လူအင်အား ပိုများလာသလို ဌာနဆိုင်ရာဝန်ထမ်းတွေလည်း ပူးပေါင်းမှု ပိုများလာတယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

အာဏာရှင်အလိုရမရှိတဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေမှာ ကျန်းမာရေး၊ ဥပဒေ၊ ထွေအုပ်၊ စည်ပင်၊ လျှပ်စစ်၊ သစ်တောဝန်ထမ်းတွေနဲ့ ရှေ့နေတွေလည်း ပါဝင်လာတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို နိုင်ငံအနှံ့ပြုလုပ်နေပြီး ရက်ကာလကြာရှည်လာတာနဲ့အမျှ ဆန္ဒပြမှုပုံစံတွေလည်း ပြောင်းလည်လာကာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကတော့ ခေါင်းဆောင်သူတွေကို ညပိုင်းမှာ လိုက်လံဖမ်းဆီးနေပါတယ်။

မင်းထက်မုန်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024