ရှမ်းပြည်တောင်ပိုင်း အင်းလေးကန်အတွင်းမှာ ဖေဖာ်ဝါရီ ၁၁ ရက်နေ့က အာဏာသိမ်းစစ်အစိုးရအလိုမရှိကြောင်း ပထမဆုံးအကြိမ် ဒေသခံ ၃၀၀၀ ကျော် ရေပေါ်သပိတ်ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါတယ်။
အင်းအရှေ့ကမ်း၊ အနောက်ကမ်းက ဒေသခံတွေ ပူးပေါင်းကာ မနက် ၈း၃၀ နာရီမှာ အင်းလေးဖောင်တော်ဦးဘုရားမှ စတင်ကာ အင်းလယ်အထိ စက်လှေတွေနဲ့ ဆန္ဒထုတ်ဖေါ်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်တွေက တစုံတရာ တားဆီးတာ မရှိဘူးလို့ သိရပါတယ်။
အင်းလေးဒေသမှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြပွဲကို ပထမဆုံးအကြိမ်အဖြစ် ဒီနေ့ ဆန္ဒပြခဲ့တာဖြစ်ပြီး နောက်နေ့တွေမှာလည်း ဆက်လက်ဆန္ဒပြသွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။