စစ်အာဏာရှင်အလိုမရှိကြောင်း ပုသိမ်မြို့ ဆန္ဒပြပွဲမြင်ကွင်းများ
DVB
·
February 11, 2021
ပုသိမ်မြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ၅ ရက်မြောက်အဖြစ် ပြည်သူတွေ ဆန္ဒဖော်ထုတ်နေကြပါတယ်။
ဆန္ဒဖော်ထုတ်ပွဲအား ပုသိမ်မြို့ ကုန်သည်လမ်းက စတင်ဆန္ဒဖော်ထုတ်ပြီး မြို့တွင်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဆန္ဒဖော်ထုတ်ပွဲမှာ ပြည်သူထောင်ပေါင်းများစွာနဲ့ ပညာရေး၊ ကျန်းမာရေး၊ သစ်တောဌာန၊ မြန်မာ့မီးရထား၊လျှပ်စစ်ဌာနတို့က ဝန်ထမ်းတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ပုသိမ်မြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ခဲ့တာပါ။
စည်သူမောင်မောင်