Home
မြန်မာသတင်း
စစ်အာဏာရှင်အလိုမရှိကြောင်း ထားဝယ်မြို့တွင် အင်အားသိန်းချီ ထိုင်သပိတ်ဆင်နွှဲ
DVB
·
February 11, 2021
148664299_852225372290250_3581285412156479640_n
148664299_324635465642695_8742817945363685382_n
148584344_464021678087201_7273093201835602256_n
148553447_253196196274260_6488288668996918998_n
148487903_467422954267917_7879436215060166473_n
148464318_427691215108280_399146803197996880_n-1
148464318_427691215108280_399146803197996880_n

စစ်အာဏာရှင်အလိုမရှိကြောင်း တနင်္သာရီတိုင်း ထားဝယ်မြို့ မိုးလေဝသဌာနရှေ့မှာ ထိုင်သပိတ်ဆန္ဒပြပွဲကို ဒီနေ့မနက် စတင်ကျင်းပနေပါတယ်။

ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ ဘဏ်ဝန်ထမ်း၊ စိုက်ပျိုးရေး၊ မီးသတ်တပ်ဖွဲ့၊ စတဲ့ဌာနဆိုင်ရာတွေနဲ့ အနုပညာရှင်၊ ကာယဗလအဖွဲ့၊ စစ်ဘီးအဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး အင်အားသိန်းချီ ကျင်းပနေကြပါတယ်။

ဆန္ဒပြသူတွေက လက်သုံးချောင်းထောင်ပြီး ကမ္ဘာမကျေသီချင်း သီဆိုကာ စစ်အာဏာရှင်အလိုမရှိကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံ အပါအဝင် ဖမ်းဆီးထိန်းသိမ်းသူတွေကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ ကျောင်းသားခေါင်းဆောင်တွေကလည်း ဆန္ဒပြသူတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြမယ့်အကြောင်းနဲ့ မတရားတာ မလုပ်ဘဲ တရားတဲ့လမ်းကြောင်း လုပ်နေတာ ဖြစ်လို့ ဘယ်သူ့ကိုမှ ကြောက်စရာမလိုကြောင်း ဟောပြောခဲ့ကြပါတယ်။

ဒါ့အပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ မပါဝင်သေးတဲ့ ဌာနဆိုင်ရာတွေကို ပါဝင်ပူးပေါင်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။

၈၈ မျိုးဆက် ကျောင်းဆရာဟောင်းတဦးက "၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်စေဖို့၊ ဒီမိုကရေစီနိုင်ငံ တည်ဆောက်လို့တဲ့ ဆန္ဒနဲ့  ပါတီတခုကို မဲပုံအောမဲပေးခဲ့တယ်။ အန်အယ်လ်ဒီက မဲအပြတ်အသတ်အနိုင်ရတယ်။ သို့သော်လည်း စစ်တပ်မှ အာဏာသိမ်းခဲ့တယ်။ အခုဆန္ဒပြနေတဲ့ ပြည်သူတွေအနေနဲ့ နောင်သားစဉ်မျိုးဆက်အတွက်  စစ်အာဏာရှင်ကိုဖြုတ်ချပြီး ဒီမိုကရေစီ ဆက်လက်ရှင်သန်ဖို့ အောင်မြင်သည်အထိ အဆုံးစွန် တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းလိုပါတယ်။"လို့ ပြောပါတယ်။

လက်ရှိ ဆန္ဒပြပွဲကျင်းပရာနေရာမှာ လုံခြုံရေးရဲတွေကိုတော့ ချထားတာမရှိဘဲ ဆောက်လုပ်ရေး၊ မြို့နယ်အထွေအုပ်ချုပ်ရေးရုံးနဲ့ ရဲတပ်ဖွဲ့၊ မြန်မာ့ဆက်သွယ်ရေး၊ ဘဏ် စတဲ့ဌာနတွေရှိတဲ့ အဓိကနေရာလမ်းဆုံ  ရုံးကြီးလမ်းဆုံမှာတော့ လုံခြုံရေးတွေ အပြည့်ချပြီး ပိတ်ထားတယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။

နေပြည်တော် ဆန္ဒဖော်ထုတ်ပွဲမှာ သေနတ်နဲ့ ဦးခေါင်းကို ပစ်ခတ်ခံရပြီး ဆေးရုံမှာ ကုသမှုခံယူနေရတဲ့ မမြသွဲ့သွဲ့ခိုင်နဲ့ မိသားစုကို ကူညီပေးဖို့ ဆန္ဒပြသူတွေက အလှူငွေကောက်ခံနေတယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ - မီးငယ်လေး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024