လူသူကင်းမဲ့နေသည့် ရန်ကုန်ဘူတာကြီး မြင်ကွင်းများ
အောင်သူ
·
February 11, 2021
အရင်က စည်ကားခဲ့တဲ့ ရန်ကုန်ဘူတာကြီးဟာ ခရီးသွားတွေနဲ့ ဝန်ထမ်းတွေလည်း မရှိတဲ့အတွက် ရထားခရီးစဉ်ပိတ်ထားပြီး ခြောက်သွေ့နေတာတွေ့ရ ပါတယ်။
စစ်အာဏာရှင်အစိုးရ အလိုမရှိကြောင်း ဆန္ဒပြပွဲတွေကို ရန်ကုန်မြို့မှာ နေ့စဉ်လိုလို အင်အားသိန်းနဲ့ ပြုလုပ်နေကြပြီး မီးရထားဝန်ထမ်းတွေလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ပြီး ပူးပေါင်း ဆန္ဒပြနေကြပါတယ်။