DVB
လက်ပံတန်းမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သုံးရက်ဆက်ဆိက်တိုက် ဆန္ဒပြခဲ့ကြပြီး ဦးဆောင်သူတွေကို မနေ့ညက ရဲနဲ့ စစ်တပ်က ဝင်ရောက်ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ကိုအောင်မင်းသန့် က သူ့အိမ်ကို ရဲ၊ စစ်တပ် အင်အား ၄၀ ကျော် ည ၁ နာရီမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပေမယ့် နေအိမ်မှာ မရှိတဲ့အတွက် ဖမ်းဆီးမခံရဘူးလို့ ပြောပါတယ်။
“မနေ့ညက ကျနော့်အိမ်ကို ရဲ၊ စစ်တပ် အင်အား ၄၀ လောက် လာဝိုင်းပါတယ်တဲ့။ နောက်ဆုတ်မသွားဘူး၊ ရှေ့ဆက်မှာ။”
မနေ့ညက ဆန္ဒပြပွဲဦးဆောင်ခဲ့သူ အချို့ရဲ့ နေအိမ်တွေကိုလည်း ရဲနဲ့ စစ်တပ်က ဝင်ရောက် ဖမ်းဆီးခဲ့ပေမဲ့ အသီးသီးတိမ်းရှောင်နေကြတဲ့အတွက် ဖမ်းဆီးမခံခဲ့ရဘူးလို့ ကိုအောင်မင်းသန့်က ပြောပါတယ်။
လက်ပံတန်းမြို့မှာ ဒီနေ့လည်း စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြပွဲ ဆက်လက်ကျင်းပမှာဖြစ်ပြီး ထိုင်သပိတ်တိုက်ပွဲ ဆင်နွှဲသွားမယ်လို့ ပြောပါတယ်။
ဓာတ်ပုံ - သီရိရတနာ