Home
မြန်မာသတင်း
ကွမ်းခြံကုန်းမြို့တွင် လူ ၁ သိန်းဝန်းကျင် စစ်အစိုးရကို ဆန္ဒပြ
DVB
·
February 10, 2021
149195298_901528633933105_3293075065087672151_o
149028916_901528810599754_1826697442708758755_o
148557867_901528703933098_6660248482847735034_o
148526357_901528747266427_4474292636698042958_n
148456623_901528590599776_5541963010965613666_o
148452154_901528527266449_1133364895405874631_o
148300177_901528453933123_8621581872062654598_o

ကွမ်းခြံကုန်းမြို့မှာ ဒီကနေ့ ပြုလုပ်နေတဲ့  စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ တတိယမြောက်နေ့မှာ  ပူးပေါင်း ပါဝင်ဆန္ဒပြတဲ့ ပြည်သူ တစ်သိန်းဝန်းကျင် ရှိလာပါတယ်။

မြို့နယ်တဝန်းက ပြည်သူတွေ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေအပြင် ဌာနဆိုင်ရာ ဝန်ထမ်းတချို့လည်း CDM လှုပ်ရှားမှုမှာ ပါဝင်လာတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေက ဒီမနက် ၈ နာရီက စတင်ကာ မြို့အတွင်း ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြပြီး မြို့နယ်ဘောလုံးကွင်းရှေ့မှာ စုရုံးကာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ ကျောင်းသား ကျောင်းသူထဲက ကိုယ်စားပြုတစ်ဦးစီ ငြိမ်းချမ်းစွာ ကြွေးကြော်ဟောပြောပြီး လူစုခွဲခဲ့ကြပါတယ်။

လွင်မိုးအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024