Home
မြန်မာသတင်း
အအေးဒဏ်ကို အန်တုပြီး သံပုံးတီး ဆန္ဒဖော်ထုတ်သည့် ပြင်ဦးလွင် ပြည်သူများ
DVB
·
February 10, 2021
Pyin Oo Lwin Beating campaign 1
Pyin Oo Lwin Beating campaign 2
Pyin Oo Lwin Beating campaign 3

စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့အနေနဲ့ ည ၈ နာရီ သံပုံးတီး လှုပ်ရှားမှုကို ပြင်ဦးလွင်မြို့လယ်ကောင်ဖြစ်တဲ့ နာရီစင်မှာ ပြုလုပ်ခဲ့ကြတာပါ။ 

ရာသီဥတုအေးနေပေမယ့်လည်း လူကြီးလူငယ်အရွယ်စုံက ဖယောင်းတိုင်တွေ ကိုင်ရင်း ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြတာပါ။ 

မြို့သူမြို့သားတွေအနေနဲ့ ပြင်ဦးလွင်ရဲ့ ညဘက် အအေးဒဏ်ကို အန်တုရင်း ဆိုင်ကယ်တွေ ကားတွေနဲ့ အပြင်ထွက်ကြပြီး ဟွန်းတာတွေ၊ သံပုံးတီးတာတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

နွယ်နီတင်မောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024