စစ်တပ်ရဲ့အာဏာသိမ်းပြီး ၉ ရက်မြောက်နေ့မှာ စစ်အာဏာရှင်စနစ် ကျရှုံးပါစေဆိုပြီး ပုသိမ်မြို့မှာ ဘာသာပေါင်းစုံ ဖရောင်းတိုင်မီးထွန်းပြီး ဆုတောင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဘာသာပေါင်းစုံ ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲကိုတော့ ပုသိမ်မြို့ ကွမ်းခြံရပ်မှာ ညနေ ၆ နာရီကျော်လောက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ‘အရေးကြီးပြီ'၊ ‘ကမ္ဘာမကြေဘူး’ စတဲ့ သီချင်းတွေ သံပြိုင်သီဆိုခဲ့ကြပါတယ်။
ဒါ့ပြင် စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ သေနတ်ပစ်ခံရလို့ ကျည်ထိမှန်ခဲ့ရသူတွေနဲ့ ဒဏ်ရာရရှိခဲ့သူတွေ အမြန်ဆုံးသက်သာဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။
ပုသိမ်မြို့မှာတော့ စစ်တပ်ရဲ့အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြတာတွေကို ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ကာ နေ့စဥ် လူအင်အား သိန်းချီပြုလုပ်လာခဲ့ပြီး ခုချိန်ထိတော့ ရဲတပ်ဖွဲ့ နဲ့ ထိပ်တိုက်တွေ့တာမျိုး မရှိသေးပါဘူး။
မင်းထက်မုန်း(ပုသိမ်)