မအူပင်၊ ပန်းတနော်၊ ကျုံမငေးတွင် ပြည်သူနှင့်အတူ ပညာရေးဝန်ထမ်းများ ပါဝင်ဆန္ဒပြ
DVB
·
February 8, 2021
ဧရာဝတီတိုင်းအတွင်းက မအူပင်၊ ပန်းတနော်၊ ကျုံမငေးစတဲ့ မြို့နယ်တွေမှာ ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းက စစ်အာဏာရှင် အလိုမရှိကြောင်း ဒုတိယမြောက်နေ့အဖြစ် လူအင်အား သောင်းချီပြီး ဆန္ဒပြခဲ့ကြပါတယ်။
မနေ့ကလည်း အဆိုပါမြို့နယ်တွေမှာ ပြည်သူတွေ သောင်းချီပြီး စစ်အာဏာရှင် အလိုမရှိ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေး၊ ဒီမိုကရေစီရရှိရေးတို့ ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဒုတိယမြောက်နေ့မှာတော့ ပညာရေး ဝန်ထမ်းတွေ ဆန္ဒပြပွဲမှာ ပူးပေါင်း ပါဝင်လာခဲ့တာပါ။