စစ်အာဏာရှင်အလိုမရှိကြောင်း ဥက္ကံမြို့တွင် အင်အား ၂၀၀၀ ခန့် ဆန္ဒပြ
DVB
·
February 8, 2021
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဥက္ကံမြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဒီနေ့မနက်ပိုင်း ဆန္ဒပြခဲ့ကြပြီး ပြည်သူနဲ့ကျောင်းသား အင်အား ၂၀၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။
စစ်အာဏာရှင်အလိုမရှိ၊ စစ်အာဏာရှင်စနစ်ကျဆုံးပါစေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံခေါင်းဆောင်များ ကျန်းမာပါစေစတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
တိုက်ကြီးမြို့နဲ့ အဖျောက်မြို့မှာလည်း စစ်အာဏာရှင်အလိုမရှိကြောင်း ကျောင်းသားတွေနဲ့ ပြည်သူ ပူးပေါင်း ဆန္ဒဖော်ထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
သတင်း - မေသွယ်