Homeသတင်းဓာတ်ပုံ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် စစ်အစိုးရကို ပွင့်ဖြူမြို့ခံများက ကန့်ကွက်ဆန္ဒပြ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် စစ်အစိုးရကို ပွင့်ဖြူမြို့ခံများက ကန့်ကွက်ဆန္ဒပြ
DVB
·
February 8, 2021
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မကွေးတိုင်း၊ ပွင့်ဖြူမြို့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်မနက်က မြို့ခံ ပြည်သူလူထုတွေနဲ့ နိုင်ငံဝန်ထမ်းတွေ အများအပြားက ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို အမြန်ဆုံး လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။