အာဏာသိမ်း စစ်အစိုးရကို တောင်ငူဒေသခံ သိန်းချီဆန္ဒပြ
DVB
·
February 8, 2021
အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက် မနက် ၈ နာရီက စတင်ပြီး ပဲခူးတိုင်း၊ တောင်ငူဒေသခံ ၂ သိန်းနီးပါးဟာ မြို့တွင်းကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်နေကြပါတယ်။
ဆန္ဒပြသူတွေက စစ်အာဏာရှင်စနစ် အလိုမရှိ၊ ဖမ်းဆီးခံနိုင်ငံရေးသမားတွေ ပြန်လွှတ်ပေးရေး၊ ဒီမိုကရေစီရေစီစနစ်နဲ့ ရွေးကောက်တင်မြှောက်ခံရဲ့ အန်အယ်လ်ဒီ အစိုးရကို အာဏာပြန်လည်အပ်နှင်းရေးတို့ ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။