စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်းဆို ဆန္ဒပြခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့က မန္တလေးမြို့ ချမ်းအေးသာဇံ မြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မ ဖေဖော်ဝါရီလ ၃ ရက်မနက်က မန္တလေးမြို့မှာ ကျောင်းသားတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကြောင့် စောဥက္ကာဦး၊ ကိုမင်းညီညီကွန်း၊ ကိုရဲဝင်းထွန်းနဲ့ ကိုပြည့်စုံအောင်တို့ကို ဖမ်းဆီးပြီး ငြိမ်းစုစီ ပုဒ်မ(၁၉)၊ သဘာဝဘေးအန္တရာယ်ပုဒ်မ (၂၅)တို့နဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။
Photo - MPA