အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ ဦးဝင်းထိန်ကို နေပြည်တော် ဥတ္တရသီရိခရိုင်ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ အန်အယ်လ်ဒီဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုး ထံက သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ ဦးဝင်းထိန် (အသက် ၈၀ နှစ်) ဟာ နေပြည်တော်မှ ရန်ကုန်မြို့သို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ဖို့ ဖေဖေါ်ဝါရီလ ၄ ရက် နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့သို့ ကားဖြင့်ထွက်ခွာခဲ့တာဖြစ်ပါတယ်။
ရန်ကုန်မြို့ကို ရောက်လာပြီးနောက် မနေ့ညသန်းခေါင်ယံမှာ နေထိုင်ရာ သမီးဖြစ်သူရဲ့ နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုအခါ နေပြည်တော် ဥတ္တရသီရိခရိုင်ရဲစခန်းမှာ. ရောက်ရှိနေတယ်လို့ ဆိုပါတယ်။