ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နေအိမ်သို့ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်မှာ နေအိမ်သို့ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။
အန်အယ်လ်ဒီ ပါတီဝင် ဦးသူရစောသိန်းက “လွန်ခဲ့တဲ့ နာရီဝက်လောက်က ပြန်ရောက်ပါပြီ၊ သူတို့ အိမ်အရောက်ပို့ပေးပါတယ်။ ဦးစိုင်းရှန်တစ်လုံနဲ့ ဦးစိုးညွန့်လွင် ကျန်နေသေးတယ်”လို့ ပြောပါတယ်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေပြန်လည်လွတ်လာပြီ ဖြစ်ပေမယ့် ပြည်နယ် လျှပ်စစ်စွမ်းအင်ဝန်ကြီးနဲ့ စီမံ/ဘဏ္ဍာဝန်ကြီးနှစ်ဦးက ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)မှာ ဖေဖော်ဝါရီလ ၁ ရက် မနက်အစောပိုင်းက ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
သတင်း - ခွန်ရာဇာ