Home
မြန်မာသတင်း
စည်ပင်ရိပ်သာ အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များ၏ အခြေအနေ
DVB
·
February 1, 2021
144153130_408993780362393_2702762425538054445_n
144009362_237335811219169_8453902762555316910_n
144659797_147024280566080_1731115494401552840_n
144153130_408993780362393_2702762425538054445_n

နေပြည်တော် စည်ပင်ရိပ်သာမှာ တတိယအကြိမ်လွှတ်တော်တက်ဖို့ ရောက်ရှိနေတဲ့ ရွေးကောက်ခံကိုယ်စားလှယ်လောင်းတွေကို ဒီကနေ့မနက်ကတည်းက အဲဒီဝန်းရဲ့အပြင်ဘက်ကနေ တပ်မတော်က လုံခြုံရေးအပြည့်နဲ့ ပိတ်ဆို့ထားပြီး အပြင်ထွက်ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။

ဒီကနေ့ ညနေ ၅ နာရီ ဝန်းကျင်မှာတော့ အဲဒီစည်ပင်ရိပ်သာဝန်းထဲကို စည်ပင်ဈေးကားနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စားသောက်ခွင့်ရဖို့ အစားအသောက်တွေ လာရောက်ရောင်းချပေးတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက ပြောပါတယ်။ 

မနက်က သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ အပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ထိန်းသိမ်းလိုက်တယ်လို့ သိသိချင်းမှာ ပါတီဘက်ကနေ နေပြည်တော်ရောက်နေတဲ့ ကိုယ်စားလှယ်တွေကို လက်ရှိအခြေနေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်သွားကြဖို့၊ ထူးခြားမှုတွေရှိခဲ့ရင် ထပ်မံညွှန်ကြားပြီး ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်ဖို့မှာ ကြားထားတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ စည်ပင်ရိပ်သာဝန်းထဲမှာ ရှိနေတဲ့ ကိုယ်စားလှယ်တွေကို အာဏာသိမ်း စစ်တပ်က တစုံတရာ ဖိအားပေးတာတော့ မရှိ‌သေးဘူးလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013