ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ အမိန့်ညွှန်ကြားချက်တွေကို ဖေဖော်ဝါရီ ၂၈ ရက်အထိ နောက်ထပ်တစ်လ ထပ်တိုးလိုက်တယ်လို့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်နေ့စွဲနဲ့ ကြေညာပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ဖို့လိုတာကြောင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေက ကိုဗစ်-၁၉ ထိန်းချုပ်တားဆီးရေးအတွက် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တွေကို ထပ်တိုးလိုက်တယ်လို့ ဆိုပါတယ်။
ဒီထဲမှာ ဖြေလျှော့ တိုးမြှင့်ဖို့ လိုတဲ့ကိစ္စတွေကတော့ မပါဘူးလို့ ဗဟိုကော်မတီရဲ့ အသိပေးကြေညာချက်မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၃၉,၅၁၅ ယောက်၊ သေဆုံးသူ ၃,၁၁၅ ယောက် ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၂၄,၀၆၄ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
PHOTO-MOHS