ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် စေတနာ့ဝန်ထမ်းစာရင်းများ ကောက်ခံနေ (ဓာတ်ပုံ)
DVB
·
January 24, 2021
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးဖို့ ဦးစားပေးအုပ်စုတွေထဲက စေတနာ့ဝန်ထမ်းများ ကို ဇန်နဝါရီ ၂၃ ရက်နေ့ကစတင်ပြီး စာရင်းကောက်ခံနေပြီလို့ သိရပါတယ်။
"အစ်ကိုတို့ကိုတော့ ၂၃ ရက်ဇန်နဝါရီလက လာကောက်သွားပါပြီ။ စာရင်းပေးလိုက်ပါပြီ" လို့ ဒဂုံအရှေ့ပိုင်းမြို့နယ် စေတနာရှင် ပရဟိတအသင်းမှ ကိုဖြိုးက ပြောပါတယ်။
စေတနာ့ဝန်ထမ်းစာရင်းတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကောက်ခံနေတာဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပေးရမယ့် ပြည်သူတွေရဲ့ အမည်စာရင်းအပြည့်အစုံကို မြို့နယ်လူဦးရေ ထူထပ်သိပ်သည်းမှုအပေါ် မူတည်ပြီး ဦးစားပေး အဆင့်ခွဲခြားသတ်မှတ်ထားပါတယ်။
ဇန်နဝါရီ လကုန်ပိုင်းထက်နောက်မကျဘဲ အဲဒီစာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူတွေနဲ့ စိစစ်ညှိနှိုင်းရွေးချယ်ပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားဆင့် ဗဟိုကော်မတီက ဇန်နဝါရီ ၂၂ ရက် ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
Photo - Ye Myo Khant / MPA