Homeအနုပညာ
ကိုဗစ်ကာကွယ်ဆေးအလှူ Social Media ပန်းချီပြပွဲ Yadana Art Studio ဖေ့စ်ဘွတ်ခ်က ပြုလုပ် (ဓာတ်ပုံ)
ကိုဗစ်ကာကွယ်ဆေးအလှူ Social Media ပန်းချီပြပွဲ Yadana Art Studio ဖေ့စ်ဘွတ်ခ်က ပြုလုပ် (ဓာတ်ပုံ)
DVB
·
January 24, 2021
ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် ၇၀ ရာခိုင်နှုန်းလှူမယ့် အွန်လိုင်းပြပွဲမှာ မြန်မာ ပန်းချီပညာရှင် ၂၅ ဦးရဲ့ လက်ရာတွေကို Yadana Art Studio ပန်းချီပြခန်း ဖေ့စ်ဘွတ်ခ်ပေ့ချ်ကနေ ပြသသွားမှာပါ။
ဒီပြပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်ကနေ ၃၁ ရက်တိုင်အောင် ၉ ရက်တိတိ Yadana Art Studio ပန်းချီပြခန်း ဖေ့စ်ဘုတ်ပေ့ချ်ကနေ ပြသနေတာပါ။
ဆရာမ စန်းလတ်၊ ခင်ယွန်းစံနဲ့ စန်းစန်းသွယ် (မန္တလေး) တို့အပါအဝင် ပန်းချီဆရာမ ၇ ဦး၊ ဆရာ မြတ်ထွန်းအောင်၊ ရိုးယာမောင်၊ မင်းသားကြီး၊ ညွန့်နိုင်လှ (ခရမ်း) ပန်းချီကိုဌေးတို့ အပါအဝင် ပန်းချီဆရာ ၁၈ ဦး၊ စုစုပေါင်း ၂၅ ဦးတို့ရဲ့ လက်ရာပေါင်း ကား ၆၀ ကို ပြသထားပြီး ပန်းချီ ၁ ကားကို ၆၀,၀၀၀ ကျပ် ကနေ ၂ သိန်းအထိ ဈေးနှုန်း သတ်မှတ်ထားပါတယ်။
ရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို ကိုဗစ် ကာကွယ်ဆေးအလှူအဖြစ် လှူသွားမယ်လို့ ပြပွဲစီစဉ်သူ ပန်းချီကိုဌေးက ပြောပါတယ်။