Home
မြန်မာသတင်း
မိုးညိုမြို့နယ်၌ သေဆုံးသူ ၁ ဦးအပါအဝင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃ ဦးထပ်တွေ့ 
DVB
·
January 20, 2021
139109331_3000534376845876_7995852361929479705_o
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ  ၃ ဦး ထပ်မံတွေ့ရှိတယ်လို့ မိုးညိုကျန်းမာရေးဦးစီးဌာနရဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။ ကွာရန်တင်းဝင်နေသူတွေအထဲက  RDT Test Kit  နဲ့ စစ်ဆေးသူ ၁၁၈ ယောက် ၊ ဓာတ်ခွဲ နမူနာယူ ပေးပို့စစ်ဆေးသူ ၁၃၉ ယောက် စုစုပေါင်း ၂၅၇ ယောက်ကို  စစ်ဆေးရာမှာ သေဆုံးသွားသူတဲ့  လူနာ ၁ ယောက်အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃ ယောက် တွေ့ရှိတာ ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာဟာ  အသက် ၈၆ နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။ သူဟာ ရန်ကုန်တိုင်းက ပြန်လည်ရောက်ရှိလာသောကြောင့်  အသွားလာကန့်သတ်ထားရှိကာ ပထမအကြိမ် ဓာတ်ခွဲနမူနာယူ စစ်ဆေးရာမှာ ကိုဗစ်ရောဂါပိုးမတွေ့ရှိပဲ ဒီဇင်ဘာ ၁၇ ရက် ည ၁၀ နာရီခွဲလောက်မှာ သေဆုံး သွားခဲ့တာပါ။ သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို ထပ်မံ ဓာတ်ခွဲနမူနာယူ စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့  မိုးညိုမြို့နယ် ဆေးရုံအုပ်ကြီး  ဒေါက်တာကျော်မိုးက ပြောပါတယ်။ မိုးညိုမြို့နယ်မှာ ဇန်နဝါရီ ၂၀ ရက်အထိ ဓာတ်ခွဲနမူနာပေါင်း  ၄၃၀၄ ခု စစ်ဆေးခဲ့ပြီး အတည်ပြုလူနာ  ၁၁၈ ယောက်၊ ဆေးရုံဆင်းခွင့်ရရှိသူ  ၁၁၄ ယောက်နဲ့  သေဆုံးသူ ၁ ယောက် ရှိလာပြီလို့သိရပါတယ်။ သတင်း- သက်နိုင်ဝင်း ဓာတ်ပုံ-  မိုးညိုကျန်းမာရေးဦးစီးဌာန
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024