Home
မြန်မာသတင်း
ဝန်ထမ်း ၁ ဦး ကိုဗစ်ကူးခံရသဖြင့် ကွမ်းခြံကုန်း မြို့နယ်ပညာရေးမှူးရုံးကို အသွားအလာကန့်သတ်
DVB
·
January 18, 2021
140628890_888168031935832_9126492646107902136_o
139145726_888168301935805_2642758215510813981_n
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ရဲ့ မြို့နယ်ပညာရေးမှူးရုံးက စာရေးမတစ်ဦးမှာ ဇန်နဝါရီ ၁၇ ရက်က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တဲ့အတွက် မြို့နယ်ပညာရေးမှူးရုံးကို အသွားအလာကန့်သတ်ထားပါတယ်။ ရုံးဝန်ထမ်း ၂၇ ယောက်ကို ဝန်ထမ်းအင်အားလျော့ချပြီး လက်ရှိမှာ ၁၀ ယောက်နဲ့ပဲ ရုံးလုပ်ငန်းတွေကို အဓိကလည်ပတ်နေပါတယ်။ ရုံးဝန်ထမ်းတွေနဲ့ ပြင်ပလူ ဆက်စပ်မှုမရှိအောင် ဆောင်ရွက်ထားပြီး လက်ရှိလည်ပတ်နေတဲ့ ဝန်ထမ်း ၁၀ ယောက်ကိုလည်း ကျန်းမာရေးစစ်ဆေးနိုင်အောင် မြို့နယ်ဆရာဝန်ကြီးနဲ့ ချိတ်ဆက်နေတယ်လို့ ကွမ်းခြံကုန်းမြို့၊ မြို့နယ်ပညာရေးမှူး၊ ဒေါ်အေးအေးသိုက်က ပြောပါတယ်။ ရုံးဝန်ထမ်း စာရေးမဟာ ဖခင်ကတစ်ဆင့် ရောဂါပိုး ကူးဆက်ခံရတာဖြစ်ပြီး သူနဲ့ ထိစပ်ထားတဲ့ ရုံးဝန်ထမ်း ၅ ယောက်နဲ့ မိသားစုဝင် ၂ ယောက်ကို အထက(၁)၊ ကွာရန်တင်းစင်တာမှာ အသွားအလာကန့်သတ်ထားပါတယ်။ အတည်ပြုလူနာကိုတော့ ဇန်နဝါရီ ၁၈ ရက်က ဖောင်ကြီးကုသရေးစင်တာကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကွမ်းခြံကုန်းမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၂၉၉ ဦး၊ သေဆုံးသူ ၉ ဦးရှိတယ်လို့ သိရပါတယ်။ လွင်မိုးအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024